08 April 2011

Fire Case at Myawaddy Fuel Filling Station, Kyaukse, Myanmar

ကျောက်ဆည်မြို့က
ဦးပိုင်လီမိတက်ပိုင် " မြ၀တီ " စက်သုံးဆီဆိုင်တွင် မီးလောင်မှုဖြစ်ပွား
(၄၊ ဧပြီ၊ ၂၀၁၁)



ကျောက်ဆည်မြို့၌ (၄၊ ဧပြီ ၂၀၁၁)ရက်၊ တနင်္လာနေ့၊ ညနေ(၄)နာရီကျော်ခန့်က မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင်၊ "မြ၀တီ" စက်သုံးဆီအရောင်းဆိုင်တွင် မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ မြို့ခံများနှင့် မီးသတ်ကား(၂)စီးသွားရောက် မီးငြှိမ်းသတ်ခဲ့ရကြောင်း သိရသည်။

စစ်အာဏာရှင်ကျောထောက်နောက်ခံ ဦးပိုင်လီမိတက်ပိုင် "မြ၀တီ" စက်သုံးဆီအရောင်းဆိုင်မှာ မောက်မာသဖြင့် "၄င်းဆိုင်အား မီးလောင်စေချင်ကြောင်း၊ ရပ်ကွက်တွေကို မီးမကူးရင်ပြီးရော" ဟု မြို့ခံများက ပြောဆိုကြောင်းသိရသည်။ ဆိုင်ကယ်နှင့် ကားတစ်စီး မီးထဲပါသွားကြောင်းလည်း သိရပြီး ထိခိုက်ဒဏ်ရာရ/သေဆုံးသူစာရင်း အတိအကျ မသိရှိရသေးပါ။

သန်းရွှေရှယ်မုန်း (ကျောက်ဆည်)