08 April 2010

No Vote Campaign 2010

မဲမပေးရေး လှုပ်ရှားမှု (No Vote Campaign)
---------------------------------------------------------

မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်။

သတင်းစကားလေးတစ်ခုလည်း ဝေငှပါရစေ။

မြန်မာပြည်သူ၊ ပြည်သားတွေအဖို့ နှစ်ပေါင်းများစွာ တစ်နည်းနည်းနဲ့ စစ်အာဏာရှင်တွေရဲ့
ဒဏ်ကို ခံခဲ့ကြရရာမှာ တပ်မတော်သားတွေလည်း အပါအဝင် ဖြစ်ပါတယ်။

လူတစ်စုရဲ့ ဆန္ဒနဲ့ အကျိုးစီးပွားထက် လူအများအတွက် ရှေ့တန်းတင်သင့်ကြပြီ ထင်ပါတယ်။

လက်နက်မရှိ၊ အာဏာမရှိ၊ အားထားရာမဲ့တဲ့ ပြည်သူတွေရဲ့ အနေထားကို နားလည်ပါတယ်။
ဒါပေမယ့် ရင်မဆိုင်ရင် အားလုံးရဲ့ ဒုက္ခတွေ မဆုံးနိုင်ဘူးဆိုတာလည်း
နားလည်ပေးကြရပါမယ်။

တုတ်၊ ဓါးတွေ ဆွဲစရာ မလိုပါ၊
လက်သီး လက်မောင်းတန်းပြီး အော်ဟစ်နေစရာ မလိုပါ၊
ရှေ့ထွက်ပြီးလည်း ဦးဆောင်စရာ မလိုပါ၊

အအေးချမ်းဆုံး ကိုယ့်ဘဝ ကိုယ်ဆက်သွားရင်း ကိုယ်ပိုင်တဲ့ မဲတစ်ပြားကို
မကြာခင်ဇွတ်လုပ်
တော့မယ့် ရွေးကောက်ပွဲမှာ ဝင်မထည့်ရုံပါ။ အကြမ်းမဖက်ပဲ အာဏာရှင်တွေကို ရင်ဆိုင်ကြ
ရအောင်။

တစ်ဆင့်တက်ပြီး အမိန့်အာဏာကို မလိုက်နာတာမျိုးတွေနဲ့ အနုနည်းဆန့်ကျင်သွားကြလို့ ရပါ
သေးတယ်။ နိုင်ငံကို ပြည်သူတွေနဲ့ ဖွဲ့စည်းထားပါတယ်။ ပြည်သူတွေအပ်မှ ပြည်သူ့ကိုယ်စား
လှယ်တွေ အာဏာရ အုပ်ချုပ်ရိုးထုံးစံရှိတာ နှစ်ပေါင်းထောင်နဲ့ချီခဲ့ပါပြီ။

ဒါကြောင့် (စာဖတ်သူ) ပြည်သူတွေရဲ့ စွမ်းအားကို ယုံကြည်ပါတယ်။ အားထားပါတယ်။ လူတိုင်း
လုပ်နိုင်မယ်လို့ မယူဆပေမယ့် ကြိုးစားကြည့်ကြရအောင်လို့
နှိုးဆော်လိုက်ပါတယ်။ ပြိုင်တူ
တွန်းရင် ရွေ့နိုင်ပါတယ်။

မန်းကိုကို
၀၆၊ ၀၄၊ ၂၀၁၀
http://mahnkoko.blogspot.com/

07 April 2010

NLD's Announcement, Year 2010, April 6

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

၂၀၁၀ ခုနှစ်၊ ဧပြီလ (၆)ရက်
၁၃၇၁ ခုနှစ်၊ တန်ခူးလပြည့်ကျော် (၈) ရက်

" ပြည်သူသို့ ပန်ကြားချက် "

ABMA Journal (Vol. 1, No. 5)

၅ကြိမ်မြောက် ABMA ဂျာနယ်ကို ဆက်လက်ဖြန့်ဝေပေးပါဦး

A4 စာရွက်နဲ့ အလွယ်တကူ ပရင့်ထုတ်ဖတ်ရှုနိုင်သည်။

ABMA Journal Volume 1 No 5

05 April 2010

Statement of People Action for Mass Movement

၂၀၀၈- ၂၀၁၀ ဆန့် ကျင်ရေးနှင့် လူထုလှုပ်ရှားမှု ဖော်ထုတ်ရေး ဆွေးနွေးပွဲမှ ဆုံးဖြတ်ချက်များ

Decision of Meeting