01 January 2010

MYOMA NYEIN - YEAR 100 (1909 - 2009)

မြို့မငြိမ်း (၁၉၀၉ - ၂၀၀၉) ရာပြည့် ဂုဏ်ပြုပွဲ
မြို့မတူရိယာအသင်းတိုက် (မန္တလေး) ရှေ့ တွင် ကျင်းပ

(၃၀၊ ၁၂၊ ၂၀၀၉)

NYO GYI



မန္တလေးစာပေအနုပညာရှင်များနှင့် မြို့မတူရိယာအသင်းတို့၏ ပေါင်းစည်းမှု အစီအစဉ်

(၃၀၊ ၁၂၊ ၂၀၀၉) - ပြာသိုလပြည့်နေ့ ညချမ်းအခါသမယ မြို့မအသင်းတိုက်(မန္တလေး)ရှေ့ ကွက်လပ်မှာ မြို့မအသင်းကြီးနဲ့ မန္တလေးစာပေသမားတွေ ပူးပေါင်းပြီး မြို့မငြိမ်းရာပြည့်ပွဲကြီးကျင်းပကာ မြို့မငြိမ်းသီချင်းများနဲ့ မန္တလေးလူထုကို အခမဲ့ ဖျော်ဖြေ တင်ဆက် ဆင်နွှဲခဲ့၊ ဆရာ မြို့မငြိမ်းကို ဂုဏ်ပြုခဲ့ကြပါတယ်။

စာရေးဆရာ ဆူးငှက်၊ သိုက်ထွန်းသက် အစရှိသူတို့က မြို့မငြိမ်းအမှတ်တရ ဂုဏ်ပြုစကားများပြောကြားပေးပြီး သန်းမြတ်စိုး၊ လှမြင့်ဝင်း၊ ရာဇာဝင်းတင့်၊ ၀င်းဝင်းအောင်၊ ရီရီသန့်၊ ချိုပြုံးနှင့် မြို့မအသင်း ပင်တိုင် အဆိုရှင်များ အစရှိတဲ့ အဆိုကျော်များက မြို့မ တီးဝိုင်းကြီးနဲ့ တွဲဖက်ကာ မြို့မငြိမ်းရဲ့ သီချင်းများကိုပဲ သီးသန့် သီဆို ဂုဏ်ပြုခဲ့ကြပါတယ်။

ထိုပွဲမှာ ပရိသတ်ကို ဝေမျှခဲ့တဲ့ မြို့မငြိမ်းလက်ကမ်းစာစောင်ကလေးကိုလည်း scan ဖတ်ပြီး ပူးတွဲ ဖော်ပြလိုက်ပါတယ်။ မြို့မငြိမ်းရာပြည့်အမှတ်တရ စာအုပ်ကို အသင်းတိုက်မှာ ဆက်သွယ်ဝယ်ယူနိုင်တယ်လို့ သိရှိရပါတယ်။



29 December 2009

Win - Win Cartoon by Pe Thit T



မန္တလေး အထင်ကရ မဂ္ဂဇင်း, Mandalay ICON Magazine, Vol:2, No:5, January, 2010 မှ ဖေသစ်တည် ၏ ကာတွန်းအား ကူးယူဖော်ပြသည်။