17 September 2009

2nd Anniversary of Saffron Revolution at New York

သံဃာတော်များနှင့် ဒီမိုကရေစီအင်အားစုများ ပူးပေါင်းဆောင်ရွက်သော
2nd Anniversary of Saffron Revolution

(၂) နှစ်ပြည့် ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည် ဆန္ဒပြပွဲဖိတ်ကြားလွှာ

သံဃာတော်များနှင့် ဒီမိုကရေစီအင်အားစုများ

၂ နှစ်ပြည့် ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည် တောင်းဆိုချက်များ

၁၊  အဖမ်းဆီးခံ သံဃာတော်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ ချက်ချင်း လွှတ်ပေးရန်။
၂၊  စစ်အာဏာရှင်စနစ်ကို သတ်တမ်းရှည်စေမည့် ၂၀၁၀ ခုနှစ်တွင် ကျင်းပမည်ဖြစ်သော အတုအယောင် ရွေးကောက်ပွဲအား နိုင်ငံတကာမှ အသိအမှတ်မပြုရန်။
၃၊  ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ မြန်မာစစ်အာဏာရှင်၏ လူသားများအပေါ်ကျူးလွန်သော ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာတရားရုံးသို့ တင်ပြရန်နှင့် စစ်လက်နက်ပစ္စည်း ရောင်းဝယ်ခြင်းကို ကန့်သတ်ပိတ်ဆို့ အရေးယူရန်။





14 September 2009

INSIDE BURMA NOW-A-DAY (6)

စစ်အဆိုးရ ပြောပြောနေတဲ့
"ဘယ်ခေတ်တုန်းကနဲ့မျှ မတူအောင်
ခေတ်မီဖွံ့ဖြိုး တိုးတက်နေသော ကျွန်ုပ်တို့၏ ဗမာတိုင်းပြည်
(၆)"

ဒီတစ်ခါတော့ မန္တလေးဖြစ် ဓာတ်ပုံများကို ဖော်ပြပေးလိုက်ရပါတယ်။ မန္တလေးမြို့တည်နန်းတည် အနှစ် (၁၅၀) အထိမ်းအမှတ်ပေါ့ဗျာ။



ဗမာပြည်၊ မန္တလေးမြို့၊ မင်္ဂလာဈေးမီးပွိုင့်မှာ စစ်သားတစ်ယောက်က စစ်အဆိုးရရဲ့ လမ်းစည်းကမ်းကို ကျကျနနကြီး ချိုးဖောက်နေပုံပါ။
အဲဒီစစ်သားရဲ့ ညာဘက်/လမ်းရဲ့တောင်ဘက်မှာ "သတိပြုရန်၊ သင့်အသက်အန္တရာယ်အတွက် ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်းပါ" ဆိုတဲ့ သတိပေးဆိုင်းဘုတ်ကို တွေ့ပါလိမ့်မယ်။ ဒါပေမဲ့ ဓာတ်ပုံပါစစ်သားကတော့ ဆိုင်ကယ်စီးဦးထုပ်ကို ဆောင်းထားခြင်းမရှိဘဲ သူ့စစ်ဦးထုပ်ကိုသာ ဆောင်းထားပါတယ်။
(အဲဒီစစ်သားရဲ့ ရှေ့ရေးအတွက် ဆိုင်ကယ်နံပတ်ကို ဖျက်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ တော်လှန်ရေးသမားတွေက အဲသလို သဘောထားကြီးတာဗျ၊ ဟဲဟဲ။)

မန္တလေး အစရှိတဲ့ မြို့တွေမှာ ယာဉ်ထိန်းရဲများဟာ Surprised Check လို့ခေါ်တဲ့ လမ်းများပေါ် ရှောင်တခင် စစ်ဆေးခြင်းပြုလုပ်ကာ ဆိုင်ကယ်စီးရင်း ဆိုင်ကယ်ဦးထုပ်မဆောင်းတဲ့သူ၊ ဆိုင်ကယ်/ကား နံပတ်ပြားမပါတဲ့သူ၊ ဆိုင်ကယ်/ကား/လူ လိုင်စင်မပါတဲ့သူ အစသဖြင့်ကို အရေးယူ၊ ဒဏ်ငွေဆောင်ခိုင်းခြင်း၊ ဟိန်းဟောက်ခြိမ်းခြောက်ခြင်းများ ပြုလုပ်လေ့ရှိပါတယ်။

ထိုသို့ ဓားပြတိုက်/ငွေညှစ်သလို အတင်းဒဏ်ငွေဆောင်ခိုင်းလိုက်လို့ ရရှိလာတဲ့ ဒဏ်ဆောင်ငွေများကိုလည်း ယာဉ်ထိန်းရဲများဟာ ရာထူးအဆင့်ဆင့်အလိုက် (အထက်အဆင့်များသို့တိုင် လာဘ်ထိုးနည်းလမ်းတစ်မျိုးအဖြစ်) ခွဲဝေ/သုံးစွဲကြကြောင်းလည်း သိရပါတယ်။
တန်ပိုတင်ထားတဲ့ ယာဉ်ကြီး/ယာဉ်ငယ်များ (သို့) ကန့်သတ်ကုန်ပစ္စည်းတင်ထားတဲ့ ယာဉ်ကြီး/ယာဉ်ငယ်များထံမှ ကားတစ်စီးဘယ်လောက်ဆိုပြီး လမ်းမများပေါ် ဆက်ကြေးသဖွယ် တောင်းခံကြတဲ့ အလှည့်ကျငွေရှာရေး-ယာဉ်ထိန်းရဲများလည်း ရှိပါတယ်။

စစ်သား/ရဲ/ကြံ့ဖွတ်/SB/အာဏာတစ်ခုခုရှိသူတွေနဲ့ ၄င်းတို့နဲ့ ပတ်သက်ဆက်နွယ်သူများရဲ့ ယာဉ်စည်းကမ်းချိုးဖောက်မှုများကိုတော့ အရေးယူခြင်းမရှိဘဲ ပစားပေး/မသိချင်ယောင်ဆောင်/အယောင်ပြဖမ်း/လွှတ်ပေး/ပြုံးပြခွင့်လွှတ်တတ်ပါတယ်။

"ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူး" လို့ လေကြီးတတ်တဲ့ စစ်အဆိုးရဟာ သူတို့ချမှတ်ထားတဲ့ သူတို့ဥပဒေကို သူတို့ကိုယ်တိုင်ပဲ မသိကျိုးကျွံပြု၊ ချိုးဖောက်ပြနေရာမှာ အထက်ပါဓာတ်ပုံဟာ သက်သေများထဲကတစ်ခုဖြစ်ပါတယ်။     ။



ဒီဓာတ်ပုံကတော့ မန္တလေးမြို့ပေါ်မှာဖွင့်လှစ်ထားတဲ့ အင်တာနက်ဆိုင်တစ်ဆိုင်က နံရံမှာ ကပ်ထားတဲ့ စာသားလေးပါ။ ဘာတဲ့။ "နိုင်ငံတော်အစိုးရအား ဆန့်ကျင်သော BLOG ရေးသားသူများအား သက်ဆိုင်ရာသို့ သတင်းပေးပို့တိုင်ကြားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။ - M.M.M" ဆိုပဲ။
(အဲဒီအင်တာနက်ဆိုင်နာမည်ကိုတော့ ၄င်းဆိုင် နစ်နာထိခိုက်မှာစိုးလို့ မဖော်ပြတော့ပါဘူး။ ကဲ...ဒီတစ်ခါလည်း သဘောထားကြီးရပြန်ပြီနော်။)

အဲဒီအင်တာနက်ဆိုင်အနေနဲ့ -

၁။ ဆိုင်မှာ အင်တာနက်လာသုံးသူတစ်ဦးဦးကများ စစ်အဆိုးရဆန့်ကျင်ရေး ကမ္ဘာကျော် ဘလော့ဂ်ပို့စ်တစ်ခုခုကို ဒီဆိုင်ကတင်လိုက်လို့ စစ်အဆိုးရက သိသွားပြီး ဆိုင်ပိတ်သိမ်းအရေးယူခံရမှာ ကြောက်လို့သော်လည်းကောင်း၊
၂။ အဲဒီဆိုင်ရှင်ကိုယ်တိုင်က စစ်အဆိုးရအနွယ်ဝင်တစ်ဦးဦးဖြစ်လို့သော်လည်းကောင်း၊
၃။ စစ်အဆိုးရကို မျက်နှာလို မျက်နှာရ လုပ်လိုလွန်းနေလို့သော်လည်းကောင်း

ယခုကဲ့သို့ ခပ်ကြောင်ကြောင်/ခပ်ပေါပေါ စာသားကို ဆိုင်၏ နံရံအထက်တွင် ကပ်ထားဝံ့ပေ၏...ဟု မှတ်ယူလိုက်ရပါတော့တယ် ။        ။



ဒီဓာတ်ပုံကတော့ အဆန်းကြီးမဟုတ်ပါဘူး။ အဆန်းလေးပါ။
ရန်ကုန်-မန္တလေး ကားလမ်းမကြီးပေါ်မှာ ကျောင်းသားအရွယ် ကလေးငယ် (အလွန်ဆုံးရှိလှ ၆/၇/၈ တန်းပေါ့ဗျာ) ကျောင်းစိမ်းကလေးဝတ်လို့ ဆိုင်ကယ်ကို စီးနင်းနေပုံပါ။

ခေါင်းမှာ ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားခြင်းမရှိပါ။
အသက်မှာ ကလေးပေါက်စ သာသာ။
အန္တရာယ်က လက်တစ်ကမ်းမှာ။
မိဘများလည်း ဆင်ခြင်စရာ...ပေါ့ဗျာ။      ။

-------------------------------------------------------------------------------------

INSIDE BURMA NOW-A-DAY (Episode 1 to 6)