18 April 2008

My Desire is 'NO'

"မေလ (၁၀)ရက်အတွက် ရင်လေးမိပါကြောင်း"

စစ်အဆိုးရကတော့ စစ်သတင်းစာတွေ(မြန်မာ့အလင်း+ကြေးမုံ)ထဲမှာ ပြောင်ပြောင်တင်းတင်းပဲ အခြေခံဥပဒေကို ထောက်ခံမဲပေးကြဖို့ စည်းရုံးရေးဆင်းနေကြပြီ။
သူတို့ပါးစပ်တွေကလည်း ဒီထောက်ခံမဲအတွက်ပဲ တစ်သံတည်း ထွက်နေကြ၊ စည်းရုံးနေကြတယ်။

ကျွန်တော်တို့ စိုးရိမ်တာကတော့ ဘာမှ မသိနားမလည်တဲ့ ကျေးလက်ရွာသူရွာသားတွေပဲ။
တောသူတောင်သားဆိုတာ မီဒီယာရဲ့ အထိအရောက်နည်းတယ်။ သူတို့မှာ နားထောင်စရာ ရေဒီယိုတွေပဲ ရှိတတ်တယ်။ မြန်မာပြည်ဆိုတာလည်း သိတော်မူတဲ့အတိုင်း ရွာသူရွာသား ၇၅ ရာခိုင်နှုန်းလောက်ရှိတာဆိုတော့ ခက်ကပြီ။

မြန်မာပြည် မြို့ကြီးတွေမှာတော့ စစ်အဆိုးရရဲ့ အခြေခံဥပဒေ ဆနခံယူပွဲမှာ ကန့်ကွက်မဲ တွေက အနိုင်ရမှာ သေချာသလောက်ပါပဲ။

မြို့ကြီးတွေမှာက လှုပ်ရှားမှုတွေကလည်း တက်ကြွတယ်။ ကန့်ကွက်မဲအတွက် လှုံဆော်မှုတွေကလည်း အဆက်မပြတ်ဆိုတော့ စိတ်ချရတယ်။ မြို့ကြီးတွေမှာတော့ ကန့်ကွက်မဲအတွက် အခြေအနေကောင်းတယ်။

အဲဒီမှာ ခက်နေတာက
-၀န်ထမ်းတွေရယ်၊
-ကြံဖွတ်ရယ်၊
-စွမ်းအားရှင်တွေရယ်၊
-မိခင်နှင့်ကလေးအသင်းရယ်၊
-အမျိုးသမီးရေးရာရယ်၊
-မီးသတ်ရယ်၊
-စစ်တပ်ရယ်၊
-သာပေါင်းညာစားတွေရယ်....။

အဲဒီအဖွဲ့အစည်းတွေကတော့ ထောက်ခံမဲအထည့်များနိုင်တယ်။ ဘာမှလည်း မသိဘူး။ အမှန်ခြစ်ခြစ်လိုက်ရင် အနရယ်ကင်းတယ်ဆိုတဲ့ အတန်းအစားတွေပါပဲ။

အကြောက်တရားအောက်မှာ ကောက်ခံတဲ့ ဆန္ဒမဲဆိုမှတော့ ဘယ်ကလာ အမှန်တရားနဲ့ နည်းစပ်နိုင်ပါ့မလဲ။

လုပ်ကြပါဦး အရပ်ကတို့ရေ...။ ဒုက္ခနဲ့ လှလှနဲ့တော့ တွေ့ကြပြီ။

-"ညိုကြီး"

(မှတ်ချက်များကို မျှော်လင့်ပါတယ်)

My contact email: bigbbrown@gmail.com